ဒေါသကိုထွက်ခြင်းဟာသွေးတိုးရောဂါ၊စိတ်ဓာတ်ကျရောဂါ၊နှလုံးရောဂါတွေနဲ့
ဆက်စပ်မှုရှိပါတယ်။ဒေါသကြီးတဲ့လူတွေဟာဒေါသနည်းတဲ့သူတွေနဲ့နှိုင်းယှဉ်ရင်နှလုံး
ရောဂါ (Heart attack) ဒါမှမဟုတ်သေစေနိုင်တဲ့နှလုံးသွေးကြောကျဉ်းရောဂါသုံးဆပို
ဖြစ် လွယ်ပါတယ်။ ဒါကြောင့် ရောဂါမရအောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ဒေါသ ကို
ထိန်းချုပ်နိုင်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
• ဒေါသ ထွက်လာပြီဆိုရင်အသက်ရှူလိုက်ပါ၊ ရင်ဘတ် တစ်ခုလုံးနဲ့ အပြည့်အ
သက်ရှူသွင်းပြီးရှုထုတ်လိုက်ပါ။
• လေကိုရှူသွင်းရှူထုတ် တစ်မိနစ်လောက် ပြုလုပ်ပြီးတဲ့အခါသင့်မှာတင်းအား
တွေလျော့သွားပါလိမ့်မယ်။
• သင်ဟာညစာစားပွဲမှာငြင်းရင်းခုံရင်းဒေါသဖြစ်ချင်နေပြီဆိုရင်တောင်အသက်
ရှူသွင်း/ရှူထုတ်လေ့ကျင့်ခန်းကိုပြုလုပ်နိုင်ပါတယ်။ပြီးရင်ခဏအနားယူလိုက်
ပါ။
• ဒေါသထွက်တဲ့ အခါအနေအထားကိုပြောင်းလဲလိုက်ပါ။ ဖြစ်နိုင်ရင် အခန်းထဲ
ကနေထွက်သွားလိုက်တာမျိုး၊လမ်းထလျှောက်တာမျိုးပြုလုပ်ပေးလိုက်ပါ။
• စိတ်တိုတိုနဲ့စကားမပြောမိအောင်တစ်ကနေတစ်ဆယ်အထိရေတွက်ပါ။ သင့်
ကိုယ်သင် ကမ်းခြေတစ်နေရာရာမှာရောက်သလို စိတ်ကူးယဉ်ပါ။ဒါမှမဟုတ်
သင့်ကိုယ်သင်စိတ်သက်သာစေမယ့် စကားလုံးတွေနဲ့နှစ်သိမ့်လိုက်ပါ။ သက်
ပြင်းမှုတ်ထုတ်ပါ။
• သင်ဟာဒေါသကြီးတတ်တဲ့သူ တစ်ဦးဆိုရင်နေ့စဉ်အားကစားပြုလုပ်ပေးပါ။
ကိုယ်ကာယလှုပ်ရှားမှုဟာစိတ်ဖိစီးမှုပြေပျောက်စေတဲ့ကြီးမားတဲ့စွမ်းအင်ကို
ပေးပါတယ်။
• ယောကကျင့်စဉ်လိုဖြည်းဖြည်းနဲ့ ညင်ညင်သာသာအကြောဆန့်ရတဲ့လှုပ်ရှား
မှုကိုလည်းကြိုးစားကြည့်နိုင်ပါတယ် ဟု Good Health Journal တွင်ဖော်ပြ
ထားသည်။

0 comments:
Post a Comment