Pages

Friday, August 31, 2012

How to Root LG Optimus One P500








Root လုပ်နည်းမျိုးစုံထဲမှ LG Otimus One P500 ကို Root လုပ်နည်းလေးကို
တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်နေ့ လေးမှာ ပို့စ်တခုအနေနဲ့ Myanmar Mobile Application Store မှ
User များအတွက်တင်ပေးလိုက်ပါတယ်။
LG Otimus One P500 ဖုန်းတွက်တော့ အခုပြမဲ့နည်းလမ်းလေးက ရိုးရှင်းပြီးလုပ်ရတာလွယ်ပါတယ်။
ပထမအဆင့် : Rootလုပ်မဲ့ ဖုန်းမှာအရေးကြီးတဲ Files, SMS, apps, contacts internet နဲ့ MMS setting တွေကို Data Backup လုပ်ထားပေးပါ
DataBackup လုပ်ဖို့အတွက် Titalinum အားရယူရန်
ဒုတိယအဆင့် : LG Otimus One P500 တွက် Phone Driver Download ဆွဲပါ။
LG Otimus One P500 driver အားရယူရန်
Root လုပ်ဖို့တွက် လိုအပ်တဲ့ Rool Tool Download ဆွဲပါ။
Z4root v 1.3.0 အားရယူရန်
LG Otimus One P500 ကို Root လုပ်နည်း
အဆင့် ၁ : Phone Settings>> Applications>> Development>> USB debugging. ကို Enable လုပ်ပေးပါ။
အဆင့် ၂ : LG Otimus One P500 ချိတ်မဲ့ ကွန်ပြူတာမှ antivirus, Firewall ကို Disble လုပ်ထားပါ။
အဆင့် ၃ : “Z4 root.apk” ကို ဖုန်းထဲ Copy ကူးထည့်ပြီး Install လုပ်ပါ။
အဆင့် ၄ : “Z4 root.apk” ကို Install လုပ်ပြီး Open ဖွင်တဲ့အခါ ဖုန်း Home Screen မှ အခုလိုမြင်ရပါလိမ့်မယ်။

အဆင့် ၅ : Temporary Root နှင့် Permanent Root မှ ” Permanent Root ” ကိုရွေးပေးပါ။
စက္ကန့် ၃၀ ပြီးမှ Phone က Auto restart ကျသွားပါလိမ့်မယ်။
ဖုန်းပြန်တက်လာပြီဆိုရင် သင့်ရဲ့ဖုန်းက Root လုပ်လို့အောင်မြင်သွားပါပြီ။

3 comments:

အကိုရေ ဖုံးကိုအွန်လိုင်း ချိတ်ထားပြီး လုပ်ရမှာလား

အကိုရေ ကွန်ပြူတာနဲ့ပါ တွဲလုပ်ရမှာလား ပြောပြပေးပါလားဗျာ မလုပ်ဖူးလို့ပါ ကျေးဇူးတင်ပါတယ်

Z4 Root က apk တစ်ခုပါပဲ...။ Computer နဲ့တွဲရန်မလိုအပ်သလို...Online နဲ့လည်း ချိတ်ရန်မလိုအပ်ပါ...။ Install လုပ်ပြီးလျှင် Temporary root , Permanent root ဆိုပြီးပေါ်လိမ့်မည်...။ Permanent Root ကိုရွေးပေးပြီး 30 Sec; ကြာလျှင် Reboot ကျသွားလိမ့်မည်...။ ပါဝါပြန်တက်လာလျှင် Superuser icon လေးကိုမြင်နိုင်ပါပြီ...။

Post a Comment